Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဖြူးမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြော
Jul 15,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာနှင့် ခင်ဝိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၉ နာရီအချိန်မှ စတင်ကာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှ…
Jul 15,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးအုပ်စု၊ နားဖန်းကျေးရွာ၌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုး ဦးဆောင်သည့် မြို့နယ်စစ်ကြောင်းကြီး(၅)ကြောင်းသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jul 15,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၌ ဇူလိုင် ၂၆ရက်နှင့် ၂၇ရက်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပမည်
Jul 15,2025
တနင်္သာရီမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင် ၂၆ရက်နှင့် ၂၇ရက်တို့တွင်ကျင်းပမည်ဖြစ်ပြီး စာစီစာကုံး ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲနှင့် ကာယပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်၌ မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်း (၁၃၄၆၇၀) ဧက စိုက်ပျိုးပြီးဖြစ်
Jul 15,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းကို (၁၈၆၅၉၅) ဧက လျာထားပြီး (၁၃၄၆၇၀) စိုက်ပျိုးပြီးဖြစ်ကြောင်း နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းဘဲတန်းမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 15,2025
ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အ.မ.က (၃ ) ပန်းဘဲတန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီ(အမျိုးသား)ဘောလုံးပြိုင်ပွဲကျင်းပ
Jul 15,2025
၂၀၂၅ ခုနှစ် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက် / ကျေးရွာပေါင်းစုံမိုးရာသီ (အမျိုးသား)ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီက ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်က ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများအတွက် နိုင်ငံတော်၏ အနာဂတ်အားကစားလောက ဖွံ့ဖြိုးတိုးတက်ရမည်ဆိုသည့် နိုင်ငံအကျိုးပြုနိုင်မည့် အားကစားမောင်မယ်များ ပေါ်ထွက်လာရေး ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
774
Page
775
Page
776
Page
777
Current page
778
Page
779
Page
780
Page
781
Page
782
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department