ကံမမြို့၌ ဆီးချိုရောဂါနှင့် သက်ဆိုင်သည့် Mixtard Insulin ဆေး ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကံမ ဇွန် ၁၉  

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆီးချိုရောဂါနှင့် သက်ဆိုင်သည့် Mixtard Insulin ဆေး ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ၌ မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆီးချိုရောဂါနှင့် သက်ဆိုင်သည့် Mixtard Insulin ဆေးသည် Parallel Product အဖြစ် ဝင်ရောက်လာသည့် ကုန်စည်ဖြစ်ပြီး အရည်အသွေးအာမခံမှုမရှိပဲ Online Platform Viber မှတစ်ဆင့် တရားမဝင် ရောင်းချခြင်းဖြစ်ပေါ်နေခြင်းကြောင့် ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)