ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကြိုတင်သတိပေးခြင်းနှင့် စောလျင်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ရေနံချောင်း ဇွန် ၁၉

မြန်မာနိုင်ငံကြက်​ခြေနီအသင်းဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ ကြိုတင်သတိပေးခြင်းနှင့် စောလျင်စွာတုံ့ပြန်ဆောင်ရွက်ခြင်းဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ​ရေနံချောင်းမြို့နယ် ကြက်​ခြေနီအသင်းခွဲ ရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းနိုင်က ကြိုတင်သတိပေးခြင်းနှင့် စောလျင်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ သင်တန်းအရာရှိ ဦးမြင့်ဆွေက သင်တန်းသူ သင်တန်းသား(၃၀)ဦးအား ဇွန်(၁၈)ရက်နေ့မှ(၂၀)ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ သိရသည်။

အဆိုပါသင်တန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)