စာတတ်မြောက်ရေးလုပ်ငန်း အကောက်အထည်ဖော်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ကျောက်ပန်းတောင်း ဇွန် ၁၉

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ခဲ့ရသူများ အခြေခံစာတတ်မြောက်စေရန်နှင့် အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုရရှိစေပြီး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်၊ အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ၊ အဆိုပါလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် စာသင်သားများအား ဂုဏ်ပြုပွဲအခမ်းအနားကို၊ ယနေ့နံနက်(၉)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဖွင့်လှစ်ခဲ့သည့် စာသင်ဝိုင်း(၁၉)ဝိုင်းမှ ကြီးကြပ်သူ ဆရာ/ဆရာမများ၊ နည်းပြ ဆရာ/ဆရာမများနှင့် စာသင်သားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြရာ၊ သက်ဆိုင်ရာကိုယ်စားလှယ် ဆရာ/ဆရာမများက ရယူကြသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုအတွက်၊ (၆-၄-၂၀၂၄)ရက်နေ့မှ (၁၅-၅-၂၀၂၄)ရက်နေ့အထိ စာသင်ဝိုင်း(၁၉)ဝိုင်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး၊ ကြီးကြပ်ရေးမှူး ဆရာ/ဆရာမ(၂)ဦး၊ နည်းပြ ဆရာ/ဆရာမ (၁၉)ဦး၊ သင်တန်းသား/သင်တန်းသူ စာသင်သား(၁၆၅)ဦးတို့ကို တစ်နေ့(၃)နာရီနှုန်းဖြင့် သင်ကြားချိန် နာရီပေါင်း(၁၂၀)နာရီအထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ဆရာကြီး/ ဆရာမကြီးများ၊ စာတတ်မြောက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြီးကြပ်သူများ၊ နည်းပြများနှင့် စာသင်သားများ စုစုပေါင်းအင်အား(၁၂၅)ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)