အမြို့မြို့အနယ်နယ်သတင်းများ

Jun 28,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်သဘင်အစည်းအရုံးအလုပ်အမှု ဆောင်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပဆောင်ရွက်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ ကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲအခမ်းအနားအား ယမန်နေ့ ဇွန်(၂၆)ရက် ညနေ (၅)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စုရှိ ဦးငြိမ်း၏ လယ်ယာမြေတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
Jun 28,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် Rubber Wood ကုမ္ပဏီများမှ ပင်အိုခုတ်လှဲခွင့်ရ တောင်သူများသို့ ရော်ဘာပျိုးပင်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာလွင်နှင့် ဝန်ထမ်းများသည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အသိပညာပေး "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေ​ခြင်းကို ဇွန်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းအချိန်က ပြုလုပ်ခဲ့သည်။
Jun 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု (၁၈၁) စု လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သမန္တလင်းကျေးရွာ၌ ကျေးရွာတွင်းလမ်းများအား ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မြင့်မားစေရေး၊ ကျေးရွာများတွင် ကွန်ကရစ်ခင်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Jun 28,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။