Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို
Apr 06,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဆက်လက်ဖြေဆိုတော်မူကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုဒေသတွင် ရာသီစာမှန်ကူသီးများ ခူးယူရောင်းချရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ
Apr 06,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောတောင်များတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော မှန်ကူပင်များမှ မှန်ကူသီးများ ရင့်မှည့်ပြီဖြစ်၍ ဒေသခံများမှာ လိုက်လံခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့၌ အစိုးရဓမ္မစရိယစာမေးပွဲဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ မဟာမုနိဘုရားဝန်းအတွင်း၊ ရတနာမဉ္ဇူဓမ္မာရုံ၌ မတ်လ(၂၈)ရက်နေ့မှစ၍ စတင်ဖြေဆိုကျင်းပလျက်ရှိရာ အစိုးရပါဠိပထမ ပြန်စာမေးပွဲ(တတိယနေ့) (ကြီး၊ လတ်၊ ငယ်၊ မူ) ဖြေဆိုရန်စာရင်းပေးသွင်းသူ ရဟန်းသံဃာ(၁၉၀) ပါး၊ သီလရှင်(၁၁)ပါး စုစုပေါင်း(၂၀၁)ပါးရှိပြီး လာရောက်ဖြေဆိုသူ ရဟန်းသံဃာတော်(၁၄၅)ပါး၊ သီလရှင်(၈)ပါး စုစုပေါင်း(၁၅၃)ပါး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ရေခဲသေတ္တာ Safeguard ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ စုကြီးအုပ်စု၊ ကံဦးရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေးတွင် ဧပြီ(၅)ရက် နံနက် ၁၀ နာရီခန့်က ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ အီလက်ထရောနစ်နှင့်အားကစားပစ္စည်းအရောင်းဆိုင် တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 06,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင် ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားအစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် စာရေးသားနည်း သင်တန်းဆင်းပွဲကျင်းပ
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်းခေတ်မီစာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် (၁၁:၀၀) နာရီအချိန်က လေအန်ကုန်းစာပေရပ်ဝန်းမှ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)တို့ပူးပေါင်း၍ စာရေးသားနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖ ဦးသိန်းနိုင်၊ လေအန်ကုန်း စာပေရပ်ဝန်းမှ တာဝန်ရှိသူများ စာရေးဆရာများ၊ သင်တန်းနည်းပြဆရာ စာရေးဆရာ သိင်္ခသူနှင့် စာရေးဆရာ နောင်အံ့လူ၊ သင်တန်းသား/ သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းဖွင့်လှစ်
Apr 06,2024
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထို မြို့အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်း (ကံ့ကော်) ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားနေမှုများ လိုက်လံကြည့်ရှုအားပေး
Apr 06,2024
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဧပြီ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ စာသင်ဝိုင်းများတွင် စာသင်သားများ သင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5283
Page
5284
Page
5285
Page
5286
Current page
5287
Page
5288
Page
5289
Page
5290
Page
5291
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department