အမြို့မြို့အနယ်နယ်သတင်းများ

Apr 06,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့ပေါ်ရပ်ကွက်ရှိ ရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ညနေပိုင်းက   ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Apr 06,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေးသက်သာချောင်ချိစေရန် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက စုပေါင်းရုံးရှေ့၌ ရောင်းချပေးခဲ့သည်။
Apr 06,2024
သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူယာဥ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာရှိ Shwe Sakar Co.Ld (ရွှေစကားအထည်ချုပ်စက်ရုံ)နှင့် မိဘဂုဏ်ရည် အထည်ချုပ်စက်ရုံတို့၌ ပြုလုပ်သည်။
Apr 06,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာနရုံးမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာ အခြေခံ Grammar သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (မြို့နယ်အဆင့်) နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီ အချိန်က (အ.ထ.က-၁) အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ တိုင်းရင်းဆေးဝါးအရောင်းဆေးဆိုင်များအား ၄-၄-၂၀၂၄ ရက်နေ့က စျေးကွက်စစ်တမ်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ကွင်းဆင်း၍ နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ဘုရားငုတ္တို(မြောက်)ကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၁/၂၃ ကျိုက်တေးကွင်း ဦးပိုင်အမှတ် ၁/၁ ဧရိယာ(၇.၃၆)ဧက တောင်သူ MAPCO ဦးညီညီလွင်၏ စပါးမျိုးကွဲ(အညာသား)နွေစပါးကွင်းပေါ်တွင် စံကွက်ရိတ်သိမ်းခြင်းကို ၄-၄-၂၀၂၄ ရက်နေ့နံနက် ၉ နာရီမိနစ် ၃၀ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် ၁၃၈၅ ခုနှစ်မဟာသင်္ကြန်ကာလတွင် တွံတေးမြို့ အိုးဘိုအရှေ့ရပ်ကွက် ရေလယ်(၁)လမ်း ရတနာသီရိစာသင်တိုက်ရှိ မြတ်စွာဘုရားကျောင်းတော်ကြီး၌ ပြုလုပ်သော နိဗ္ဗာန်ဝင်လမ်း(၇)ရက် "နေ့" အထူးတရားစခန်းကိုဧပြီလ (၁၁)ရက်နေ့ နံနက် ၇ နာရီတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။