ဘီးလင်း ဧပြီ ၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့ပေါ်ရပ်ကွက်ရှိ ရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ညနေပိုင်းက ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းလင်း၏ ဦးဆောင်မှုဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ကန်သာယာရပ်ကွက်၊ ဗန္ဓုလပိုင်းရှိ ရေအခက်အခဲ ဖြစ်သည့် ပြည်သူများအား ဂါလံ ၁၆၀၀ဆံ့ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ နေအိမ် အရောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် ပြည်သူ့အကျိုးပြုလုပ်ငန်းအနေဖြင့် သောက်သုံးရေများကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ အများပြည်သူသုံး ရေကန်များနှင့် ရေရှားပါးရာနေရာများသို့ နှစ်စဉ်လိုက်လံလှူဒါန်းပေးခဲ့ကြောင်း ဆက်လက်၍လည်း ထပ်မံ လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)