စမ်းချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် စာသင်ဝိုင်းဖွင့်ပွဲကျင်းပ

စမ်းချောင်း ဧပြီ ၉

ရန်ကုန်တိုင်း‌ဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် စာသင်ဝိုင်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်ခင်သန်းဦးက အဖွင့်အမှာစကားပြောကြားပြီး၊ စမ်းချောင်းမြို့နယ် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းကအ‌ခြေခံ စာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် စာသင်ဝိုင်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၁) ဗိုလ်မှူးသက်ထွန်းဦးမှ စာသင်ဝိုင်းအတွက် အထောက်အကူပြုပစ္စည်များ ပေးအပ်လှူဒါန်းခဲ့ပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့၀င်များကလည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါအခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ရေးအဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအသင်းအဖွဲ့၀င်များ၊ သင်တန်းနည်းပြနှင့် ကြီးကြပ်ဆရာမများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာသင်သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)