သာယာဝတီ ဧပြီ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်အပ်နှင်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက သာယာဝတီမြို့၊ ကွက်သစ်ရပ်ကွက် ကျိုက်လိုဇောတိကာရုံပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ဘိုကြီးကုန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ သဒ္ဓမ္မောဒယ အရှင်သူမြတ်နှင့် မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ကျိုက်ထိုဇောတိကာရုံပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဘဒ္ဒန္တ ဣန္ဒာစရိယနှင့် အဖွဲ့ဝင်ဆရာတော်များ၊ စာအောင်သံဃာနှင့် သီလရှင်ဆရာလေးများ၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ခိုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျိုက်ထိုဇောတိကာရုံပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဘဒ္ဒန္တဣန္ဒာစရိယထံမှ ဩဝါဒကထာနှင့် ငါးပါးသီလခံယူဆောက်တည်ပြီး ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မင်တော်မူခဲ့ကြသော ပထမငယ်တန်း ၁၀ ပါး၊ အခြေပြုမူလတန်းအာင် ၃၂ ပါး စုစုပေါင်း စာအောင်သံဃာ ၄၂ ပါးတို့အား စာအောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ဘိုကြီးကုန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ သဒ္ဓမ္မောဒယ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်းအမျှပေးဝေပြီး "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)