ချမ်းမြသာစည် ဧပြီ ၉
ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်၊ အကွက်(၄၅၇)၊ ကမ်းနားလမ်းရှိ အထက (ခွဲ)(၁၈)တွင် ၂၀၂၄ ခုနှစ် မြို့နယ်အဆင့် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း၊ "အ" သုံးလုံး စာသင်ဝိုင်းများသို့ ယနေ့ ညနေ ၃:၂၅ နာရီအချိန်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ တာ၀န်ရှိသူများသည် သင်ကြားဆောင်ရွက်နေသည့် စာသင်ဝိုင်းများ ဖွင့်လှစ်ထားရှိမှုနှင့် သင်ယူနေမှု အခြေအနေများ ကွင်းဆင်းကြည့်ရှု၍ စာသင်ဝိုင်းများတွင် သင်ယူနေကြသော သင်တန်းသား၊ သင်တန်းသူ (၂၆)ဦးတို့အား တစ်ဦးလျှင် ငွေသုံးသောင်းကျပ်၊ စာရေးကရိယာများနှင့် ဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်း သင်ကြားဆောင်ရွက်ခြင်းကို ဧပြီလ (၆) ရက်နေ့မှ စ၍ ရက်ပေါင်း (၄၀) ရက်အကြာ တစ်နေ့လျှင် (၃) နာရီခန့် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့