ကျောက်ကြီး ဧပြီ ၂၂
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မြန်မာ့စီးပွာရေးဘဏ်၌ ယနေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားဦးရေ (၁၁၀၀) ကျော်ခန့်ရှိရာ၊ ယနေ့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၃၀၀) ကျော်ခန့်အား ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသူများအား နောက်ရက် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
ပင်စင်လစာများထုတ်ပေးနေစဉ်အတွင်း ကျောက်ကြီးမြို့နယ် အငြိမ်းစားဝန်ထမ်းများအား သက်တောင့်သက်သာနားနေနိုင်ရန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စီစဥ်ဆောင်ရွက်ပေးထားပြီး ပင်စင်လစာငွေများ ထုတ်ယူနိုင်ရေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)