အမြို့မြို့အနယ်နယ်သတင်းများ

May 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ ဘွဲ့တံဆိပ်တော် (၃) ဘွဲ့ရ ဦးစန္ဒောဘာသ ၏ ဂုဏဝိသိဋ္ဌပူဇာ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်၊ ၈ဖြတ်လမ်းရှိ ညောင်ငူပရိယတ္တိ စာသင်တိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
May 15,2024
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ DACA ခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ ဒုတိယဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထား သူများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
May 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိကျေးရွာများတွင် နွေရာသီကာလ ရေတွင်း၊ ရေကန်များ၌ ရေများခန်းခြောက်လာပြီးဖြစ်သဖြင့် လိုအပ်လျက်ရှိသောပေါက်နွယ်စမ်းကျေးရွာအုပ်စု အေးမြသာယာကျေးရွာသို့ ယမန်နေ့ နံနက်ပိုင်းက ဘက်ရဲမြို့ ဆေးဝါးရာဇာလူမှု ကူညီရေးအသင်းက ရေဂါလန် (၁၆၀၀)ကို (ပဉ္စမအကြိမ်) မြောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
May 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းဖြစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဦးက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်အတွက် မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစာရင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်း၊ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးရန်ပုံငွေ ထူထောင်ပေးခြင်းလုပ်ငန်းစီမံကိန်း၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး ရေပေးဝေရေးလုပ်ငန်း၊ ဆိုလာမီးလင်းရေးစနစ် ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်းနှင့် တံတားများတည်ဆောက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
May 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကွင်းကောက်(မြောက်)ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၃၈၂ (သာပေါင်းကွင်း)၊ ဦးပိုင်အမှတ် (၁၈၁)ရှိ တောင်သူ ဦးပြည့်ဖြိုးဟန်၏ လယ်ယာ‌မြေ (၁)ဧကတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ နွေစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်ရာသို့ ရောက်ရှိရာ ခရိုင် အဆင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား‌ရေး ကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်မှ ဒေသခံ‌တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး နွေစပါးစံကွက်ရိတ်သိမ်းမှုအခြေအနေများအား ကြည့်ရှုအား‌ပေးခဲ့သည်။ နွေစပါးဆင်းသုခ စံကွက်ရိတ်သိမ်းရာတွင် ၁-ဧက ပျမ်းမျှ စပါးအစို ၁၂၁.၀၆ တင်းနှင့် စပါးအခြောက် ၁၁၅.၂၅ တင်းထွက်ရှိ‌ကြောင်း သိရသည် ။
May 15,2024
ဧရာဝတီတိုင်းဒေသကြီး  အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းကဟင်္သာတမြို့နယ်၊ တလုထ္တော်မြို့အမှတ်(၂) ရပ်ကွက်ရှိ ရွှေငြိမ်းအေး ကျောင်းတိုက်တွင် စာမတတ်သူများ ပပျောက်ရေးအတွက် ကျေးလက်နေပြည်သူများအား စာသင်ဝိုင်းများပြုလုပ်၍ စာသင်ကြားပေးနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုအားပေး၍ အချိုရည်များ၊ ကြက်ဥများ၊ ဆန်များ ထောက်ပံ့ပေးအပ်ခြင်း၊ သမိုင်ရွာအခြေခံ ပညာမူလ တန်းလွန်ကျောင်းဝန်းအတွင် ဒေသခံပြည်သူများစုပေါင်း၍ ဆောက်လုပ်လျက်ရှိသော 
May 15,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ(ဗီနိုင်း)များ စိုက်ထူခြင်းကို စလင်းမြို့နယ် ပညာရေးမှူးရုံးဝန်းအတွင်းနှင့် ပေါင်းနားရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်း မီးပွိုင့်လမ်းဆုံ၌ ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့နံနက်(၁၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။