စလင်း မေ ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ(ဗီနိုင်း)များ စိုက်ထူခြင်းကို စလင်းမြို့နယ် ပညာရေးမှူးရုံးဝန်းအတွင်းနှင့် ပေါင်းနားရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်း မီးပွိုင့်လမ်းဆုံ၌ ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေး ပိုစတာများစိုက်ထူရာတွင် စလင်းမြို့နယ် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရးမှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာများက “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာ(ဗီနိုင်း)များအား ပေါင်းနားရပ်ကွက် မီးပွိုင့်လမ်းဆုံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်းနှင့် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးတို့တွင် စိုက်ထူခဲ့ကြသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၄ ခုနှစ်၊ မေလ၊ (၂၃)ရက်နေ့မှ၊ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် ဇွန်လ(၃)ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
မောင်လွင်(စလင်း)