အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်​ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်ရည်ရွယ်၍အမှိုက်အမျိုးအစားခွဲခြားစွန််ပစ်နည်း သရုပ်ပြပွဲကို အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) ကြက်ခြေနီသင်တန်းကို အ.ထ.က(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆိတ်ချေးကုန်းကျေးရွာတွင် မိုးစပါးရေဆင်းပေါ်ဆန်း-၂ စပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ယနေ့နံနက်(၈)နာရီက စိုက်ပျိုးခဲ့ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ မိုးရာသီရေဘေးကာကွယ်ရေး ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိခြင်းနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းစဥ်များ သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြရှင်းလင်းခြင်းကို ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက စာဘူးတောင်းကျေးရွာအုပ်စု၊ အင်ကြင်းကွင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။
Jul 08,2025
သမ‌ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ချပြရှင်းလင်းခြင်းအခမ်းအနားကို တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်၌ ပြေစာအမှတ် တံဆိပ်ကပ်နှိပ်ရောင်းချသောဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာပေးကြေညာချက်နှင့် ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပညာပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေနံတောင်ကျေးရွာရှိ အ​ခြေခံပညာအထက်တန်းကျောင်းတွင် ယမန့်နေ့မွန်းလွဲပိုင်းက ရေနံတောင်နယ်မြေမီးသတ်စခန်းမှ မီးဘေး လုံခြုံရေးဟော​ပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။