အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင်  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါး ဧက ၅၃၄၈၀ လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဒေသခံတောင်သူများ ဆန်စပါးထုတ်လုပ်နိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး လူနေမှုအဆင့်အတန်းမြင့်မား လာစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနများပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ထန်းတပင်ကျေးရွာအုပ်စုတွင် နေအိမ်(၁)လုံးပြိုကျ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တွင် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) JN1ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်၊ တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်/ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ပြိုင်ပွဲအားကစားသမားများ တက်ရောက်ကြသည်။
Jul 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများတိုးတက်လာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက  မြို့မကျေးရွာအုပ်စု၊ ဝိန်းနန်းကျေးရွာရှိအလင်းရောင်စာကြည့်တိုက်သို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jul 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ၊ ကလေးသူငယ်များအား Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် အခမဲ့ကွင်းဆင်း ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်၍ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jul 08,2025
၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
Jul 08,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။