တောင်တွင်းကြီး ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း ဒေသခံတောင်သူများအနေဖြင့် Kubota (၆) တန်းသွား ကောက်စိုက်စက်ကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု အခက်အခဲကို ဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများကို စိုက်ပျိုးနိုင်ခြင်းနှင့် စကးပါးအထွက်နှုန်း ကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာ ရရှိစေရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း Kubota (၆) တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာ၊ ကွင်းအမှတ် (၂၆၀၀)၊ ဦးပိုင်အမှတ် (၁) ရှိ ဒေသခံတောင်သူ ဦးသန်းလွင်၏ လယ်မြေ (၂) ဧက အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူး ဦးတိုးမြင့်ပိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း (၅၀) ဦးခန့် စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)