Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပန်းတနော်မြို့ အ.ထ.က(၁)ကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ပညာ ခန်းမ၌ “ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေ” အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်
Sep 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆုရရှိခဲ့သော ကျောင်းများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဗေဒါမြေဆွေး ကွင်းဆင်း ဆောင်ရွက်
Sep 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျုံတုံးကြီးကျေးရွာ၌ ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လယ်မြေများတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ဗေဒါမြေဆွေး ပြုလုပ်ခြင်းအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်အတွက် မြို့နယ်အဆင့် စုဖွဲ့လေ့ကျင့်ဆောင်ရွက်
Sep 25,2025
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မြို့နယ်မီးသတ် ဦးစီးဌာန၌ ယမန်နေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုအခြေအနေများကို ပြည်နယ်မီးသတ်ဦးစီးမှူးက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ရှိ ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါဆောင်များအား ကျန်းမာရေး၊ မီးဘေး၊ လျှပ်စစ်ကင်းရှင်းရေး ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေး
Sep 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါအဆောင်များအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနနှင့် မြို့နယ်စည်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကျန်းမာရေး၊ မီးဘေးနှင့်လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ပူးပေါင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးနှံ
Sep 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေး ဟောပြောခြင်းဆောင်ရွက်
Sep 25,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာ ပေးဟောပြောပွဲကို စက်တင်ဘာလ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ
Sep 25,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကျောင်းသားလူငယ်လူရွယ်များ စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်/ထွက်သွားလာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ခရိုင်အတွင်းနှစ်စဉ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
368
Page
369
Page
370
Page
371
Current page
372
Page
373
Page
374
Page
375
Page
376
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department