အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စည်ပင်ကျေးရွာအုပ်စု၊ သိုက်တောကျေးရွာနှင့် ဖားအင်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင် ၂၅ ရက်နေ့နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့သည်။
Jul 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းကောက်ယူခြင်းတို့ကို ယ‌မန်နေ့နံနက်ပိုင်းက ရွာမအရှေ့ရပ်ကွက်၊ စော်ဘွားကြီးကုန်းရပ်ကွက်နှင့် အရှေ့ကြို့ကုန်းရပ်ကွက်များသို့ ကွင်းဆင်ဆောင်ရွက်‌ပေးခဲ့သည်။
Jul 27,2025
နေပြည်တော်စိမ်းလမ်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယ ဘုရားအနီး၊ ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပရာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
Jul 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate)ဆေးခတ်ခြင်း လုပ်ငန်းနှင့် အသိပညာ‌ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၅)၊ အမှတ်(၁၅၆)ရပ်ကွက်တို့ရှိ အခြေခံပညာကျောင်းနှင့် နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြသည်။
Jul 27,2025
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ဝသုန္ဒရကျေး ရွာအုပ်စု၊ ဝသုန္ဒရကျေးရွာ အနီးတစ်ဝိုက်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ခြင်းကို ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက ကပိုင်ကျေးရွာအုပ်စု၊ ကပိုင်ကျေးရွာ မင်္ဂလာသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 27,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပေတုန်းမျှောင်ကျေးရွာအုပ်စု၊ ကုန်းပေါ်စုကျေးရွာ ပညာ့အားမာန် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
Jul 27,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ စီမံကိန်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ အထွက်နှုန်းအထူးကောင်းမွန်ရေးတို့ဦးတည်၍ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည်စိုးသည် ဌာနတာဝန်ရှိသူများ ၊ အသင်း တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာမြို့နယ်လိန်တောကျေးရွာအုပ်စု ကျောင်းရာကန်ကျေးရွာ တက်သစ်စစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယအသင်းသား တောင်သူဦးမောင်နီ၏ မိုးဝါစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။