သာယာဝတီ ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စည်ပင်ကျေးရွာအုပ်စု၊ သိုက်တောကျေးရွာနှင့် ဖားအင်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင် ၂၅ ရက်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပေးအပ်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများပူးပေါင်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော ပြိုလဲနေအိမ်(၇)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၁၀၀,၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၃၅)စုရှိလူဦးရေ (၁၃၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆၆၀၀၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၆၀,၀၀ဝိ/-)နှင့် ပြိုလဲနေအိမ် (၇)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၇)အိမ်ထောင်စုစာအတွက် (၇၅၃၇၄၆/-)တို့အား လေဘေးသင့် အိမ်ထောင်စုများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)