ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ ဖြေဆိုအောင်မြင်မှု ၃၉ ဒဿမ ၇၃ ရာခိုင်နှုန်းအောင်မြင်

ငဖဲ ဇူလိုင် ၂၇

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် ကြေညာခြင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း ငဖဲမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား(၁၅၈)ဦး၊ ကျောင်းသူ(၂၈၀)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၄၃၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား ၆၉ ဦး ကျောင်းသူ ၁၀၅ ဦး စုစုပေါင်း ၁၇၄ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းနှင့် ဖြေဆိုအောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် ၃၉ ဒဿမ ၇၃ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်မှု သုံးဘာသာဂုဏ်ထူးရှင် ၆ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၇ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၂ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၂၅ ရှိပြီး ရိုးရိုးအောင်မြင်သူ ၁၄၉ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)