မိုးညှင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

မိုးညှင်း ဇူလိုင် ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သူ (၁၆၁၇)ဦးတွင် အောင်မြင်သူ (၇၂၅)ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၄၄)ဒဿမ (၈၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာနသုံးခုဖြစ်သည့် အ.ထ.က(၁)မိုးညှင်း၊ အ.ထ.က(မြသီတာ)နှင့် အထက(အင်းတော်ကြီး)တို့တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၆၁၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ အောင်မြင်သူ (၇၂၅)ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၄၄)ဒဿမ (၈၄)ရာခိုင်နှုန်းရှိပြီး ခြောက်ဘာသာဂုဏ်ထူး (၁)ဦး၊ ငါးဘာသာဂုဏ်ထူး (၈)ဦး၊ လေးဘာသာဂုဏ်ထူး (၁၂)ဦး၊ သုံးဘာသာဂုဏ်ထူး (၃၀)ဦး၊ နှစ်ဘာသာဂုဏ်ထူး (၄၂)ဦးနှင့် တစ်ဘာသာဂုဏ်ထူး (၂၀၃)ဦး စုစုပေါင်းဂုဏ်ထူးရှင် (၂၉၆)ဦး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)