၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကသာမြို့နယ်မှ (၆)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦးနှင့် (၄)ဘာသာဂုဏ်ထူးရရှိသူ(၅)ရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာခိုင်နှုန်း (၅၉.၂၆)ရှိ

ကသာ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်ရာခိုင်နှုန်း (၅၉.၂၆)ရှိကြောင်း သိရသည်။

ကသာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၆၂၁)ဦးရှိပြီး အောင်မြင်သူဦးရေ (၃၆၈)ဦးရှိရာ ‌အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၅၉.၂၆) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကသာမြို့နယ်မှ (၆)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၁၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၁၈)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၉၄)ဦးရှိပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူ မြန်မာစာ (၇)ဦး၊ အင်္ဂလိပ်စာ(၄)ဦး၊ သင်္ချာ(၃)ဦး၊ ဓာတုဗေဒ(၁၄)ဦး၊ ရူပဗေဒ(၁၈)ဦး၊ဇီဝဗေဒ(၆၃)ဦး၊ ပထဝီဝင်(၉)ဦး၊ သမိုင်း(၁၇)ဦး၊ ဘောဂဗေဒ(၆၃)ဦးရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။

ဗန်းမောက်မြို့နယ်မှ ဖြေဆိုသူ(၁၀၆)ဦးဖြေဆိုခဲ့ပြီး အောင်မြင်သူ(၂၃)ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း (၂၂.၂၂)ရှိကြောင်းနှင့် (၁)ဘာသာဂုဏ်ထူး(၄)ဦးရှိကြောင်း သိရသည်။

ကျော်စွာထွန်း (ကသာ)