သဲကုန်း ဇူလိုင် ၂၇
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့ရှိ စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၇၆၂ ဦးတွင် ၂၄၂ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို အထက(သဲကုန်း)၊ အထက(ပုတီးကုန်း)၊ အထက(ဆင်မြီးဆွဲ)နှင့် အထက(အင်းမ)စာစစ်ဌာန(၄)ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများဖြင့်လည်းကောင်း၊ တစ်မြို့နယ်လုံး၏ အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် ဖြေဆိုသူ (၇၆၂)ဦးတွင် အောင်ချက်ရာခိုင်နှုန်း ၃၂.၆၃ ဒသမ ရာခိုင်နှုန်းဖြင့် စုစုပေါင်း(၂၄၂)ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။ တစ်ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၇)ဦးတို့ ထူးချွန်စွာအောင်မြင်ခဲ့ကြပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိမှုအနေဖြင့် မြန်မာစာ(၁)ဦး၊ ဓာတုဗေဒ(၁၀)ဦး၊ ရူပဗေဒ(၁၉)ဦး၊ ဇီဝဗေဒ(၇)၊ ဘောဂဗေဒ(၈)ဦးရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)