အမြို့မြို့အနယ်နယ်သတင်းများ

May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြိုနယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ငန်းစက်ချုပ်နည်းပညာသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
May 21,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား အများပြည်သူကြည့်ရှုလေ့လာသိရှိနိုင်ရန်ရည်ရွယ်၍  မြေစိုက်နံရံကပ်ဘုတ်တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြသဆောင်ရွက်ခဲ့သည်။
May 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့မှ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေဌားဂရန် ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြသည်။
May 21,2026
ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းခရိုင်၊တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ယ‌မန်နေ့နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ ကျန်းမာရေးဝန်ကြီးဌာနမှဦးဆောင်၍ အထူးကုကွင်းဆင်းအစီအစဉ်အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဗဟိုအဆင့်ဆေးရုံကြီး(၆)ခုမှ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းဖွင့်လှစ်၍ ပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
May 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းသည် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်လူရွယ်များနှင့်ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စာပေလေ့လာ ဖတ်ရှုလေ့လာနိုင်ရန်၊ စာပေနှင့် အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် ဘုရားလမ်းရပ်ကွက်များ၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးနေကြောင်း သိရသည်။
May 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
May 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ စျေးကွက်တွင်ရောင်းချလျက်ရှိသော ဆေးအရောင်းဆိုင်များအား သတ်မှတ်စည်းမျဉ်စည်းကမ်းချက်များနှင့် ညီ/မညီ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုစီမံကိန်းတွင် Satori Grande ကုမ္ပဏီလိမိတက်မှ လုပ်ငန်းသုံးယာဉ်အမျိုးမျိုးတပ်ဆင်၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ အချိုမှုန့်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းနှင့် Fortune Empire Holdings ကုမ္ပဏီလီမိတက်မှ အင်ဂျင်ဝိုင်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းတို့မှ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့သည်။