အမြို့မြို့အနယ်နယ်သတင်းများ

May 11,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင်  နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် “လူမူဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီက‌ ချောင်းတက်ကျေးရွာအုပ်စု၊ ချောင်းတက်‌ကျေးရွာမှ ပြည်သူ(၂၃)ဦးအား ဖိတ်‌ခေါ်၍ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
May 11,2026
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
May 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် လပွတ္တာခရိုင်နှင့်မြို့နယ်၊ အားကစားနှင့်အခြေခံပညာဦးစီးဌာနတို့၏ Pilot Project အစီအစဥ်အရ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးအားကစားသင်တန်းဖွင့်ပွဲကို မေလ ၄ ရက်နေ့ညနေ ၃း၃၀ နာရီက၊ ရတနာဒီပအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
May 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မိုင်းလင်းကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 11,2026
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(လွိုင်လင်)မှ အစိုးရသစ်၏ ပထမရက် ၁၀၀ စီမံချက်အရ ပြည်သူများအတွက် အဓိကျသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မေ ၉ ရက် နံနက်ပိုင်းက မိုးနဲမြို့နယ်(OSS)ရုံးတွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 11,2026
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ (Under Ground Cable Network) ချိတ်ဆက်မှု စနစ်ကို ပြင်ဆင်သွယ်တန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၄)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။