အမြို့မြို့အနယ်နယ်သတင်းများ

May 11,2026
နိုင်ငံတော်၏တည်ဆဲဥပဒေများ၊ အခါအားလျှော်စွာထုတ်ပြန်သည့် အမိန့်နှင့်ညွှန်ကြားစာများကို လေးစားလိုက်နာပြီး ကျင့်ဝတ်နှင့်အညီဝန်ဆောင်မှုပေးနိုင်ရေး၊ အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အသင်းသားများ အရည်အသွေးမြင့်မား၍ အများပြည်သူအား ယုံကြည်စိတ်ချရသည့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံအိမ်ခြံ မြေဝန်ဆောင်မှုအသင်း (ကရင်ပြည်နယ်)၏ အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေးနှင့်၂၀၂၆-၂၀၂၉ ခုနှစ်သက်တမ်းကာလအတွက် အလုပ်အမှုဆောင်၊ အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို မေလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ Hotel Perfect Hpa-an ၌ ကျင်းပသည်။
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်မြင်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေးရှိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မေ ၁၀ ရက် နံနက် ၉ နာရီက လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
May 11,2026
ကြက်ခြေနီရှေးဦးပြုစုခြင်း(နိုင်ငံတကာအသိအမှတ်ပြု) သင်တန်းဖွင့်ပွဲကို တက်ဟုန်ပြည်နယ်ခွဲ၊ မန်စီမြို့၊ အသက်မွေးဝမ်းကျောင်း ကောလိပ်ခန်းမ၌ မေလ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်လူရည်ချွန်စခန်း စခန်းသိမ်းမီးပုံပွဲအောင်ပွဲအခမ်းအနားကို မေလ ၉ ရက်နေ့ ည ၇ နာရီက ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE-Falls) တွင် ကျင်းပသည်။
May 11,2026
တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများအား တွေ့ဆုံဆွေးနွေး၍ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ ကပကျေးရွာ အုပ်စု၊ ပရည်ကျွန်းကျေးရွာတွင် ဆောင်ရွက်သည်။
May 11,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်းဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေးCampaign နှင့် အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မဈေးအတွင်း ဆောင်ရွက်သည်။
May 11,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကို မေလ ၉ ရက်နေ့က ကျွန်းစုမြို့နယ် ဦးစီးမှူးရုံး၌ ပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိရာ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်အသစ် ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်နှင့် ဟောင်းနွမ်းပျက်စီးခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။