မင်္ဂလာဒုံ မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင်၊မင်္ဂလာဒုံမြို့နယ်၊တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀)၌ တိုင်းပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ သွေးလှူဒါန်းပွဲကို ယနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးနေလင်းနှင့် တိုင်းပါတီကော်မတီဝင်များ ဦးဆောင်၍ တွံတေး၊ လှိုင်သာယာ(အရှေ့/အနောက်)မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မှော်ဘီမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စုစုပေါင်းအင်အား(၇၅)ဦး တက်ရောက်သွေးလှူဒါန်းကြပြီး တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာနေလင်းနှင့် ခုတင်(၅၀၀)ဆေးရုံ တပ်မှူးကြီးတို့မှ ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်( ပြန် /ဆက်)