ချောက် မေ ၁၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် “လူမူဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီက ချောင်းတက်ကျေးရွာအုပ်စု၊ ချောင်းတက်ကျေးရွာမှ ပြည်သူ(၂၃)ဦးအား ဖိတ်ခေါ်၍ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန ချောက်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများအား အစိုးရသစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အသက်၁၀နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့်နှင့် ဟောင်းနွမ်းပျက်ဆီးမှုများကို အသစ်လှဲလှယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ပြည်သူများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)