ကျွန်းစု မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကို မေလ ၉ ရက်နေ့က ကျွန်းစုမြို့နယ် ဦးစီးမှူးရုံး၌ ပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိရာ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်အသစ် ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်နှင့် ဟောင်းနွမ်းပျက်စီးခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် ၁၁၅ နှင့် UID ကတ်များအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီး ဦးစီးမှူး ဦးသန့်ဇင်က ပေးအပ်ခဲ့သည်။
ထက်မြင့် (ကျွန်းစု)