အမြို့မြို့အနယ်နယ်သတင်းများ

Aug 22,2020
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်များအရ (၁၃၃၃)စင်တီမီတာသို့ ရောက်ရှိနေသဖြင့် ယင်းမြို့၏ စိုးရိမ်ရေမှတ်(၁၂၃၀)စင်တီမီတာ၏အထက် (၁၀၃)စင်တီမီတာကျော်လွန် ရောက်ရှိနေ ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
Aug 22,2020
ထာဝယ်ခရိုင်အတွင်းရှိ ၂၀၁၉−၂၀၂၀ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 22,2020
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းများရရှိရေး မဲဆန္ဒရှင်စာရင်း ကျန်ရှိမှုနှင့် မှားယွင်းမှု မရှိစေရေး အတွက် အိမ်တိုင်ရာရောက်စစ်ဆေးသည့် စနစ်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖွဲ့စည်းကာ ယမန်နေ့ ညနေ(၄)နာရီမှစတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 22,2020
ကချင်ပြည်နယ်၊ ခရိုင်ပညာရေးမှူးရုံးမှ ဦးစီး၍ မြစ်ကြီးနားခရိုင်မှ ၂၀၂၀ပြည့်နှစ်အတွက် ဘက်စုံထူး ချွန်လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီကအ.ထ.က (၉) အခြေခံ ပညာ အထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 22,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမ တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်ခရိုင်အတွင်းရှိ ခရိုင်အဆင့် လူရည်ချွန်ကျောင်းသား/ သူ (၆)ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်း ကျင်းပခဲ့သည်။
Aug 22,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်‌၌ အခြေခံမဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်အဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ကျွန်းရတနာခန်းမ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 22,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သမန်းကျင်းကျေးရွာအုပ်စု၊ သမန်းကျင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၉နာရီအချိန်က One State One Township Project အရနိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်းသိရှိရသည်။