ဘောလခဲ သြဂုတ် ၂၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ပေးပို့လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများ ပြန်လည် လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ညနေ(၅) နာရီက ရှမ်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့၌ ကျင်းပသည်။
အဆိုပါ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊ လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီး အရာရှိ ဒေါ်မင်းမင်းအေးက ထာဝရတွဲလက်များ ပရဟိတအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ဖြူနှင့်အဖွဲ့ဝင်များထံ ပေးအပ် ခဲ့သည်။
အဆိုပါ ကယ်ဆည်ရေးပစ္စည်းများအား ဘောလခဲပွန်ချောင်းရေဘေးအတွက် တစ်ခုတည်းမဟုတ်ဘဲ ဖားဆောင်းသံလွင်မြစ် ရေဘေးနှင့် အနယ်နယ်အရပ်ရပ်မှ သဘာဝရေဘေး ဖြစ်ပေါ်လာပါက ပူးပေါင်းပါဝင် ကူညီဆောက်ရွက်သွားနိုင်ရန် ရည်ရွယ်ချက် ဖြင့် တင်ပြတောင်းခံထားခြင်း ဖြစ်ကြောင်း ထာဝရတွဲလက်ပရဟိတအသင်း ဥက္ကဋ္ဌထံမှ သတင်းရရှိ သည်။
လှရွှေ