မြစ်ကြီးနားခရိုင်မှ ဘက်စုံ၂၀၂၀ ပြည့်နှစ် ထူးချွန်လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မြစ်ကြီးနား ဩဂုတ် ၂၂

ကချင်ပြည်နယ်၊ ခရိုင်ပညာရေးမှူးရုံးမှ ဦးစီး၍ မြစ်ကြီးနားခရိုင်မှ ၂၀၂၀ပြည့်နှစ်အတွက် ဘက်စုံထူး ချွန်လူရည်ချွန် မောင်မယ် များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီကအ.ထ.က (၉) အခြေခံ ပညာ အထက်တန်း ကျောင်း ရွှေသွေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ခရိုင်အဆင့် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် (၁၉၆၄ - ၁၉၈၈) လူရည်ချွန်အဖွဲ့၏ကိုယ်စား လူရည်ချွန်ကျောင်းသူဟောင်းတစ်ဦးဖြစ်သည့် ဆရာမကြီး ဒေါ်အယ်လ်ဂျာအောန်က လူရည်ချွန်များအဖွဲ့နှင့် ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်း ပြောကြားပြီး လူမူရေးဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဘက်စုံထူးချွန်လူရည်ချွန်မောင်မယ် (၁၂)ဦးအား ဂုဏ်ပြုလက်ဆောင်များ အသီးသီး ချီးမြှင့်ပေးအပ် ခဲ့ရာ လူရည်ချွန်မောင်မယ်များကိုယ်စား (၃)ထပ်ကွမ်း လူရည်ချွန် မသွန်းဝတီလမင်းမှ ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။

ယော်ဆောင်(ပြန်/ဆက်)