လှိုင်းဘွဲမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ဒုတိယအကြိမ်ထောက်ပံ့ငွေများပေးအပ်

လှိုင်းဘွဲ ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မသန်စွမ်းသူများအား ဒုတိယအကြိမ်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မသန်စွမ်းတစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် လှိုင်းဘွဲမြို့နယ်အတွင်း မသန်စွမ်းသူ ကျား(၉၀၈)ဦး၊ မ (၆၇၁) ဦး၊ စုစုပေါင်း (၁၅၇၉)ဦးတို့ကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေလင်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းရန်နောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများလိုက်ပါ၍ မသန်စွမ်းပြည်သူများအတွက် အိမ်တိုင် ရာရောက်လိုက်လံ၍ ထောက်ပံ့ငွေများပေးအပ်လျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)