ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

ပြင်ဦးလွင် ဩဂုတ် ၂၅

ပြင်ဦးလွင်မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်း အနားကို ယနေ့ညနေ ၅ နာရီ၌ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်လွင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်စိုးဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ်အတည်းများမှ အမြန်ဆုံးရုန်းထွက်နိုင်ရေးအတွက် ကာလတိုစီမံချက်ဖြစ်သည့် " ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု"(CERP)အရ တစ်နိုင်ငံလုံး၌ မိုးစပါးမျိုးစေ့ထုတ်ဧကများစွာ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ရာ ပြင်ဦးလွင်မြို့နယ်အတွင်း၌ အကောင်အထည်‌ဖော်ဆောင်ရွက်လျက်ရှိသော မိုးစပါးမျိုးစေ့ထုတ်ဧက စုစုပေါင်း (၅၁) ဧကအတွက် ပထမအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျပ်သိန်း (၄၂၅၈၅၀၀) တိတိအား မျိုးစေ့ထုတ်တောင်သူများလက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ဝက်ဝံဈေးကုန်းကျေးရွာ၊ ညောင်ပင်သာ၊ ညောင်သာယာ၊ ကျွန်းတပင်၊ ချိုးင်းရွာ၊ ရေသရောက်ကုန်းနှင့် မြိုင်ကြီး ကျေးရွာတို့ မှ တောင်သူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြတ်ဆုမွန်