ပင်လောင်း စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ ပထမအကြိမ်ကပ်ထားကြေညာပေးထားကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၃၂၀၃၃ ဦးရှိပြီး လျာထားမဲရုံပေါင်း (၁၄၀)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရှိရပြီး အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုင်းမှိုင်းခမ်းတို့က ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် သွားရောက်ကြည့်ရှုခဲ့ကြရာ လိုအပ်သည်များ လမ်းညွှန်းဖြည့်စွက် မှာကြားသွားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)