ကော့မှူးတွင် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိ‌စေရေး လိုက်လံဆောင်ရွက်

ကော့မှူး မေ ၁၂

အစိုးရသစ် ရက် (၁၀၀) စီမံချက်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေး (အော်တိုအိတ်ချိန်း) တို့ပူးပေါင်း၍ အမြင်မတင့်တယ်သောဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဇလုပ်ကြီးကျေးရွာ၌ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ်အတွင်း ဆက်သွယ်ရေးတိုင်များ လျှပ်စစ်ဓာတ်တိုင်များပေါ်တွင် သွယ်တန်းထားသည့် လမ်းဘေးဝဲယာရှိ ဆက်သွယ်ရေးကြိုးများ စနစ်တကျဖြစ်စေရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများက ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)