ဖောင်းပြင်မြို့၌ ပုံမှန်ကာကွယ်ဆေးတိုက်နှင့်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဖောင်းပြင် မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)လမှ (၁)ခွဲအထိ ကလေးသူငယ်များကို ပုံမှန်ကာကွယ်ဆေးတိုက်ကျွေခြင်းနှင့် ပုံမှန်ဆေးထိုးခြင်းလုပ်ငန်းများကို မေလ(၁)ရက်နေ့မှ မေလ(၄)ရက်နေ့အထိ ကျန်းမာရေး၀န်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကလေးသူငယ်များတွင် အဖြစ်များသော‌ ရောဂါများဖြစ်သည့် ပြင်းထန်တီဘီ၊ ပိုလီယိုအကြောသေ၊ ကြက်ညှာချောင်းဆိုး၊ ဆုံဆို့နာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်အဆုတ်ရောင်၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန်၀မ်းလျှော၊ ၀မ်းပျက်၊ ဂျပန်ဦးနှောက်ရောင်၊ ၀က်သက်၊ဂျိုက်သိုးနှင့် သားအိမ်ခေါင်းကင်ဆာ စသည့်ရောဂါများကို ကာကွယ်နိုင်မည့်အပြင် ဆေးတိုက်၊ ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာစုရပ်များတွင် ဆောင်ရွက်ခဲ့ကြောင်း ဖောင်းပြင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)