ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်

ထန်းတပင် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယမန်နံနက်ပိုင်းက စံကင်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင်လည်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအင်ကြင်းမေနှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက စံကင်းကြီးကျေးရွာအုပ်စုအတွင်းရှိ ညောင်သုံးပင် ကျေးရွာနှင့် စံကင်းကြီးကျေးရွာတို့တွင် ကျွဲ၊ နွားများအား လည်ချောင်းကွဲကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)