ထန်းတပင်(ရန်ကုန်) မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရက် (၁၀၀) စီမံချက်ဖြင့် တောင်သူများအား စိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေးပေးခြင်းနှင့် ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုး စရိတ်များထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်တွင် ထုတ်ချေးပေးခဲ့သည်။
ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဇော်တို့က အမှာစကားများပြောကြားခဲ့ပြီး ထန်းတပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးဇော်လွင်က ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက လမုတန်းကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၄၉) ဦးတို့၏ စိုက်ဧက (၃၆၅) ဧကအတွက် တစ်ဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေကျပ် (၃) သိန်းနှုန်းဖြင့် ငွေကျပ်သိန်း ပေါင်း (၁၀၆၈) ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများထံသို့ ပေးအပ်ခဲ့ကြသည်။
ထန်းတပင်မြို့နယ်အတွင်း ရက် (၁၀၀) စီမံချက်ဖြင့် တောင်သူ (၁၀၈၅) ဦးတို့၏ စိုက်ဧက (၈၀၀၀) အတွက်စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်းပေါင်း (၂၄၀၀၀) ကိုထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)