အမြို့မြို့အနယ်နယ်သတင်းများ

Aug 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၂၀၂၄) ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အမြင့်ဆုံးရရှိသည့် ကျောင်းများအား ဩဂုတ်လ (၂၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
Aug 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီက မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပသည်။
Aug 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေး၊ မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့်မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နေ့လယ် (၁) နာရီ အချိန်ခန့်က ဒါးကကျေးရွာအုပ်စု၊ (ဒါးက) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရန်အတွက်  နည်းပညာပေး သင်တန်းဖွင့်လှစ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများ ဈေးသက်သာစွာ ဖြန့်ဖြူးရောင်းချခြင်းကို ယနေ့နံနက် (၉) နာရီခွဲက ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့၊  မြို့မရပ်ကွက်၊ သာသနာ့ဗိမာန်တော်တွင် ကမ္ဘာ့စားနပ်ရိက္ခာ(WFP)မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Aug 29,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၏ ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက လင်းခေးမြို့နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 29,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကလောမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကလောတပ်နယ် ကျောင်းအုပ်ကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖနှင့် ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။