အမြို့မြို့အနယ်နယ်သတင်းများ

Aug 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Aug 29,2024
ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား သွေးတိုးနှင့်ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 29,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ရွှေဟင်္သာစျေးကြီး၌ ကွင်းဆင်းစစ်ဆေးသည်။
Aug 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများအား စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက Resources Group Trading Company Ltd နှင့် Ideal Business Success Company Ltd တို့ထံမှ ရည်ညွှန်းဈေး(၆၁၇၀)ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများအား ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Aug 29,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်း ကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၁၁၂၆ စီတွင် အစေ့ချကိရိယာ (Drum Seeder )ဖြင့် စိုက်ပျိုးထားသော ရတနာတိုး စပါးစိုက်ခင်းများကို ယနေ့နံနက်ပိုင်းတွင်မြို့နယ် စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှုကြသည်။
Aug 29,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ ကန်ကြီးမီးပွိုင့်၌ ဖြန့်ဝေသည်။
Aug 29,2024
ချင်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ကွပ်ကဲမှုအောက်ရှိဌာနဆိုင်ရာများ၏ ပထမ( ၃ )လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကွပ်ကဲမှုအောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
Aug 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး(UMK) ရေးသားသော လူငယ်တွေကို လမ်းဖွင့်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။