အမြို့မြို့အနယ်နယ်သတင်းများ

Aug 30,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Aug 30,2024
၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အောင်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။
Aug 30,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်‌ ‌ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်‌ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီအချိန်က မိုင်းခတ်မြို့၊ အမှတ်(၂)ရပ်ကွက်နေပြည်သူများထံ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က လွယ်အွန့်ကျေးရွာအုပ်စု၊ ဝါးဆို့ကျေးရွာနှင့် စခွီကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Aug 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် နည်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို  ယမန်နေ့ညနေ (၃) နာရီအချိန်က  တိုင်းဒေသကြီးလွှတ်‌တော်ရုံးရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Aug 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယနေ့သာသနာနှစ်-၂၅၆၈၊ ကောဇာသက္ကရာဇ် ၁၃၈၆ - ခုနှစ်၊ ဝါ‌ခေါင်လပြည့်ကျော် (၁၀)ရက်၊ ယမန်နေ့နံနက် (၄)နာရီခွဲအချိန်က အမှတ်(၃) ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရုဏ်ဆွမ်း ဒုတိယပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြသည်။
Aug 30,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ လစဉ်လုပ်ငန်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Aug 30,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။