လားရှိုး ဇွန် ၂၈
လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်း၊ မိုးလုံလေလုံခန်းမ၌ ယနေ့နံနက် (၁၀)နာရီခွဲအချိန် က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် Oxygen အိုးများ လာရောက်လှူဒါန်းကြောင်း သိရသည်။
ငွေရည်ပုလဲကုမ္ပဏီမှ ငွေကျပ်သိန်း(၅၀) တန်ဖိုးရှိ Oxygen အိုး(၂၃)လုံးကို ကိုဗစ်-၁၉ ရောဂါ လူနာများအတွက် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင် အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထားရှိသော ပြည်ထောင်စုအားကစားကွင်း မိုလုံလေလုံအားကစားကွင်း၌ လူနာများအသုံးပြုရန်အတွက် ပန်ကာ၊ Air Cooler များ လိုအပ်လျက်ရှိနေပြီး အလှူရှင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး ထံသို့ ပေးပို့လှူဒါန်းနိုင်ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)