ဘုရားသုံးဆူ ဇွန် ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြောင်မထိမ်ကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာ၊ ရောင်ခြည်ဦးစာကြည့်တိုက်သို့ ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစောရဲဝင်းထွဋ် နှင့် ဘုရားသုံးဆူမြို့ မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဇင်မင်းထက်တို့က ယနေ့နေ့နက် ၁၁ နာရီအချိန် က စာအုပ်စာစောင်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်ခြည်ဦး စာကြည့်တိုက်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝတ္ထု (၁၀၀)အုပ်၊ မဂ္ဂဇင်း (၅၀)အုပ်၊ ရုပ်ပြ (၅၀)အုပ်၊ ဂျာနယ် (၅၀)စောင် ပေးအပ်လှူဒါန်းခဲ့ပြီး မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်နှင့်ပတ်သက်သောစာအုပ်များ၊ သုတစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူ (ပြန်/ဆက်)