ကျိုင်းလပ်မြို့၌ စုပေါင်းမိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

ကျိုင်းလပ် ဇွန် ၂၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ သဘာဝပတ်ဝန်းကျင် ရာသီဥတု စိမ်းလန်းစိုပြေလာစေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက လူထုစုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို အမှတ် (၁)ရပ်ကွက်၊ ဝမ်လုံကျေးရွာရှိ စေတီကုန်း၌ စိုက်ပျိုးခဲ့သည်။

ထိုသို့စိုက်ပျိုးရာတွင် ကျိုင်းလပ်မြို့ သစ်တောဦးစီးဌာန၊ နယ်မြေတာဝန်ခံ တောအုပ်ကြီး ဦးဝင်းနိုင်က ပျိုးပင်များကို ဖြန့်ဝေပေးအပ်ရာ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာနေ ပြည်သူများက လက်ခံရယူပြီး ပျိုးပင်များကို သတ်မှတ် နေရာများ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပွဲတွင် အရိပ်ရပင်၊ နှစ်ရှည်ပင်များဖြစ်သော ကျွန်း (၁၅၀)ပင်၊ ယမနေ (၁၅၀)ပင်၊ မယ်ဇလီ (၁၅၀)ပင်၊ မန်ဂျန်ရှား (၉၀)ပင်၊ စုစုပေါင်း ပျိုးပင် (၅၄၀)ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)