ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေးအတွက် အလှူရှင်များမှ မြို့နယ်ပြည်သူ့ဆေးရုံသို့ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း

ညောင်ရွှေ ဇူလိုင် ၆

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း လတ်တလောကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တိုက်ဖျက် ကုသရေးတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များမှ မြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ(၂)နာရီခွဲခန့်က အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။

အဆိုပါလှူဒါန်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက အမှာစကားပြောကြားပြီး မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသစ်လွင်သိန်းက လက်ရှိကူးစက်ဖြစ်ပွား လျှက်ရှိသည့် ကိုဗစ်-၁၉ရောဂါအခြေအနေများနှင့် ဌာနမှတာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ ဦးတင်စိုးက လှူဒါန်းပွဲပြု လုပ်ရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီး ဟိုတယ်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးစဝ်သာဦးက အလှူ ငွေနှင့် ပစ္စည်းများ လက်ခံရရှိမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးတက်ထွန်းနှင့် အလှူရှင်များက အလှူငွေနှင့်ပစ္စည်းများကို ပေးအပ်လှူဒါန်းကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့က လက်ခံရယူခဲ့ကြကြောင်းသိရှိရသည်။

ယနေ့လှူဒါန်းပွဲတွင် အလှူငွေ (၂၆၈၀၀၀၀)ကျပ်၊ PPEဝတ်စုံ၊ ပိုးသတ်ဆေး၊ Medical Grade Bag၊ Surgical Mask၊ Pressure Cup၊ Temperature၊ Oxygen Hand gel၊ ကြက်ဥအစရှိသည့် ငွေကျပ်တန် ဖိုး (၃၆၆၀၀၀၀)ရှိ ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ