မိုင်းရယ် ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် ဇူလိုင်လ ၄ ရက်က ကိုဗစ်-၁၉ ပိုးတွေ့လူနာဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်(၂)နေ၊ မြို့နယ်သစ်တောဦးစီးဌာနမှ လူနာသည် မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူ(၉)ဦးရှိပြီး၎င်းတို့အား မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်တွင် ဇူလိုင်လ ၅ ရက်နေ့မှစ၍ စောင့်ကြည့်ကုသလျှက်ရှိကြောင်းနှင့် ဆက်စပ်သူနေအိမ်များကိုလည်း Home Quarantine အဖြစ်ထားရှိပြီး အသွားအလာ ကန့်သတ်ထားရှိကြောင်း သတင်းရရှိသည်။
မိုင်းရယ်မြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၈ ဦး၊ ရောဂါသက်သာ၍ ဆေးရုံဆင်းသူ ၅ ဦးနှင့် ဆက်လက်ဆေးကုသမှုခံလျက်ရှိသူ ၃ ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)