တာချီလိတ်မြို့ Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး တာဝန်ရှိသူများ Quarantine Ceter ပြင်ဆင်ထားရှိမှု လိုက်လံကြည့်ရှုစစ်ဆေး

တာချီလိတ် ဇူလိုင် ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး တာဝန်ရှိသူများက Quarantine Center ပြင်ဆင်ထားရှိမှုကို ယနေ့နံနက် ၈ နာရီအချိန်၌ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

တာချီလိတ်မြို့ (အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့မိမြိုဖများက Quarantine Center များ ကြိုတင်ပြင်ဆင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

တာချီလိတ်မြို့တွင် Covid-19 ပိုးကူးစက်ခံထားရသူများ ယမန်နေ့ကထိ ၁၃၈ ဦးရှိခဲ့ပြီး ယနေ့ နေ့လည် ၁၂ နာရီနောက်ဆုံးရရှိသည့်သတင်းအရ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၆ ဦး ကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာတွင် Covid-19 လူနာစုစုပေါင်း ၁၅၀ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

ယာဆေး