Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟားခါးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂၆) ဦး ထပ်မံတွေ့ရှိ၊ (၁)ဦး သေဆုံး၊ (၅)ဦး ပြန်လည်ကျန်းမာလာ
Aug 03,2021
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဩဂုတ်လ ၂ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂၆) ဦး ထပ်မံတွေ့ရှိပြီး (၁)ဦး သေဆုံးကာ (၅)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြု လိုက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦး၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြေသားတမံမှာ ချောင်းရေတိုက်စား၍ (၁၅)ပေခန့် ကျိုးကျ
Aug 03,2021
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ သဖြင့် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်က၊ ဒိုက်ဦးမြို့နယ်၊ အိမ်ခြေ လေးဆယ်ကျေးရွာအုပ်စု၊ အောင်ဘာလေကျေးရွာအတွင်းရှိ ကောလိယချောင်းမှာ ချောင်းရေလျှံမှုကြောင့် အောင်ဘာလေ ကျေးရွာ၊ အောက်တဲပိုင်း အနီးရှိ မြေသားတမံမှာ ချောင်းရေတိုက်စားခဲ့၍ (၁၅)ပေခန့် ကျိုးကျကာ နေအိမ်(၇)လုံးခန့်မှာ (၄)ပေခန့် ရေနစ်မြုပ်ပြီး ရေကြီးရေလျှံမှုများ၊ ဖြစ်ပေါ်လျက်ရှိ သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်တွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအပါအဝင် စုစုပေါင်းလူဦး ရေ ၄၇၁၁ ဦး ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပြီးဖြစ်သည်
Aug 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအပါအဝင် လူဦးရေ စုစုပေါင်း ၄၇၁၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပြီးစီးခဲ့ကြောင်းကို မြို့နယ်ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ် ရေးကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦး၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်၊ အိမ်ပြိုမှုဖြစ်ပွား
Aug 03,2021
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့တွင် ဩဂုတ်လ ၂ ရက်နေ့ညနေပိုင်းက တိုက်ခတ်သော လေဆင်နှာမောင်းကြောင့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဝါဆိုရပ်ကွက်လမ်းနေ(၆)လမ်းနေ ဦးအေးမြင့်၏(၃x၄)ပင် ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး (အိမ်ပြို) ၊ ဝါဆိုရပ်ကွက် (၆ )လမ်းနေ ဦးရဲလင်းအောင် (၃x၄)ပင်၊ သွပ်မိုး၊ ထရံကာ(အိမ်ပြို) ဝါဆိုရပ်ကွက်(၇)လမ်းနေ ဦးကျော်ကျော်၏ (၃x၄)ပင် ပျဉ်ထောင်ပျဉ်ခင်း၊ သွပ်မိုးအိမ်(အမိုးတစ်ခြမ်းလန်) ဝါဆိုရပ်ကွက်၊ (၃)လမ်း နေဒေါ်မြင့်ကြည်၏ ပျဉ်ထောင်ပျဉ်ခင်း၊ သွပ်မိုး(အမိုးလန်)၊ ဝါဆိုရပ်ကွက်(၂)လမ်းနေ ဒေါ်နွဲ့ရီ၏(၃×၅)ပင် (တိုက်ခံသွပ်မိုး) အိမ်(အမိုးလန်)မှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ပင်ပြိုလဲပြီး ဆိုင်ခန်းတစ်ချို့ သွပ်မိုးလန်မှုများ ဖြစ်ပွား
Aug 03,2021
ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ သူရလမ်းတွင်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြင့် (၁၂၀)ပေ၊ လုံးပတ်(၁၅) ပေခန့်ရှိ ညောင်ပင်မှာအမြစ်မှ ကျွတ်ထွက်ကာ လမ်းမပေါ်သို့ ပြိုလဲကျခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင် လာရောက်ကြည့်ရှု
Aug 03,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၁၁)ဦး ထပ်မံတွေ့ရှိ
Aug 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အနံ့ပျောက်နေသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူ (၁၄)ဦးတို့အား ယနေ့ နံနက်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၁၁)ဦး ထပ်မံတွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ပရိယတ္တိစာသင်တိုက်များအတွက် ဆွမ်းဆန်အိတ်များ သွားရောက်ပေးအပ်လှူဒါန်း
Aug 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နမ့်စန်တပ်နယ်မှူးနှင့် မြို့နယ်မှတာဝန်ရှိသူများက ပရိယတ္တိစာသင်တိုက်များသို့ သွားရောက်၍ ရဟန်းသံဃာနှင့် သီလရှင်များအတွက် ဆွမ်းဆန် အိတ်များကို ယမန်နေ့ နေ့လယ် ၁ နာရီက သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26250
Page
26251
Page
26252
Page
26253
Current page
26254
Page
26255
Page
26256
Page
26257
Page
26258
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department